တူရကီနိုင်ငံတောင်ပိုင်းရှိ
ကျောက်မီးသွေးတွင်းမှာ အောက်တိုဘာလ(၂၉)ရက်နေ့က တွင်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး အတွင်းမှာ
ရေလွှမ်းခဲ့ကာ လုပ်သား(၁၉)ဦး ပိတ်မိနေကြောင်း သိရပါသည်။ ကယ်ဆယ်ရေးအဖွဲ့နှင့် ဆေးအဖွဲ့တို့ဟာ
၎င်းနေရာသို့ ရောက်ရှိခဲ့ပြီး ရေထဲက လုပ်သားတွေကို ကယ်ဆယ်ခဲ့ရပါသည်။ ရေများဟာတွင်းပြိုကျချိန်
တစ်ခဏတွင်းမှာပဲ လျံတက်လာခဲ့ကြောင်း သိရပါသည်။ တူရကီနိုင်ငံမှာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး
စက်မှုဇုံမတော်တဆမှုများ ဖြစ်ပွားရာနိုင်ငံဖြစ်ပြီး ဒီမတော်တဆမှုဟာ ဆိုမာအနောက်ပိုင်းမှာ
ပြီးခဲ့သည့်(၆)လအတွင်းက ဖြစ်ပွားခဲ့သည့် လုပ်သား(၃၀၁)ဦး သေဆုံးခဲ့သည့် မတော်တဆမှုပြီးနောက်
ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment