Friday, October 31, 2014

ဟန်ဂေရီနိုင်ငံတွင် အင်တာနက်သုံးစွဲမှုအခွန်တိုးမြင့် ကောက်ခံခြင်းနှင့် ပတ်သက်ပြီး ဆန္ဒပြမှုဖြစ်ပွား

ဟန်ဂေရီနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က အင်တာနက် သုံးစွဲမှုအခွန်တိုးမြင့် ကောက်ခံခြင်းနှင့် ပတ်သက်ပြီး ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ လာမယ့်နှစ်တွင် အွန်လိုင်းပေါ်မှ ငွေကောက်ခံမှုကို လုပ်ဆောင်မှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဗစ်တာ-အော်ဘန်က (၃၁-၁၀-၁၄) ရက်နေ့က ပြောကြားခဲ့ပါသည်။ ယခုလိုလုပ်ဆောင်ရခြင်းသည် ဆက်သွယ် ဆက်ဆံရေး ဆိုင်ရာများတွင် အချက်အလက်များ ရှုပ်ထွေးများပြားမှုများကို  လျော့ချနိုင်ရန်လည်း ဖြစ်ကြောင်း ၄င်းကပဲ ထပ်လောင်း ပြောကြားခဲ့ပါသည်။ ယခုလို အင်တာနက် အခွန်နှုန်းထားများ တိုးမြင့်ခဲ့မှုအပေါ် ပြည်သူများအနေနှင့် သဘောမတူညီများရှိနေပြီး အော်ဘန်ကတော့ ၄င်း၏အစိုးရ အနေနှင့် ပြည်သူများနှင့် ဘယ်လိုထိပ်တိုက် ရင်ဆိုင်မှုမျိုးကိုမှ ပြုလုပ်သွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment