Friday, October 31, 2014

ကျန်းမာရေးလုပ်သားများ အီဗိုလာရောဂါ ကူးစက်ခံရခြင်းနှင့်ပတ်သက်၍ WHO က ပြောကြား

ကျန်းမာရေး လုပ်သားများ အီဗိုလာရောဂါ ကူးစက်ခံရခြင်းမှာ  ကာကွယ်ရေး ပစ္စည်းများအား မှားယွင်းစွာ အသုံးပြုမှုကြောင့် ဖြစ်ကြောင်၊ ထို့ကြောင့်ပင် ကာကွယ်မှုများတွင် မအောင်မြင်ရခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က (၃၁-၁၀-၁၄) ရက်နေ့က ပြောကြားခဲ့ပါသည်။ (WHO) ၏စုံစမ်းမှုများအရ ဆေးဝန်ထမ်းများအနေဖြင့် ဟောင်းနွမ်းနေသည့် ကာကွယ်ရေး မျက်မှန်များနှင့် ထိတွေမှုနှင့် လက်သန့်ရှင်းရေးတို့ကြောင့် ပြသနာများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း (WHO)၏ ဝန်ဆောင်မှုပေးရေးဆိုင်ရာ ညွှန်ကြားရေးမှူး အက်ဝဒါ-ကယ်လီက ပြောကြားခဲ့ပါသည်။ ကာကွယ်ရေးပစ္စည်းများကို မှားယွင်းစွာ အသုံးပြုမှုသည် ဝန်ထမ်းများကို လုပ်ငန်းခွင်တွင် အခက်တွေ့စေကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အီဗိုလာရောဂါကြောင့် ဆီရီယယ်-လျုန်း၊ လိုင်ဘေးရီးယား၊ ဂီနီများတွင် လူပေါင်း(၅၀ဝ၀)ခန့် အသက်ဆုံးရှုံးပြီး ဆီနီဂေါ၊ နိုင်ဂျီးရီးယား၊ မာလီ၊ စပိန်နှင့် အမေရိကန်များတွင်လဲ အနည်းငယ်ဖြစ်ပွားလျက်ရှိပြီး ၄င်းရောဂါသည် အီဗိုလာကြောင့် သေဆုံးသူ ဒါမှမဟုတ် ကူးစက်ခံရသူ၏ ကိုယ်တွင်းရည်ကြည်များဖြင့် ထိတွေ့မှုကြောင့် ကူးစက်ခံရခြင်းဖြစ်ကြောင်းလဲ သိရှိရပါသည်။


No comments:

Post a Comment