Friday, October 31, 2014

အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် စနိုက်ပါဖြင့် ပြစ်မှုကျူးလွန်သူကို ဆက်လက် ရှာဖွေ

အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် စနိုက်ပါနှင့် ချောင်းမြောင်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်များ သေဆုံးကာ အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)ပတ်မြောက်သို့ ရောက်ရှိလာခဲ့သည့်တိုင် ပြစ်မှုကျူးလွန်သူကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက (၃၁-၁၀-၁၄) ရက်နေ့က ပြောကြားခဲ့ပါသည်။ ဒီခြုံခိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ အက်ဖ်ဘီအိုင်မှ အလိုရှိဆုံးသူတစ်ဦးဖြစ်သည့် အဲရစ်-မက်သရူး-ဖက်ရင်း အသက်(၃၁)နှစ် အရွယ်အား သစ်တော ဧရိယာအနီးတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါသည်။ ၄င်းအား နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ပန်ဆယ်ဗေးနီးယား တရားရုံးမှာ ကြားနာစစ်ဆေးမှု စတင်မှာဖြစ်ပြီး သေဒဏ်ကျခံရဖွယ်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment