Wednesday, October 1, 2014

အာဖဂန်မြို့တော်တွင် တာလီဘန် အသေခံ ဗုံးခွဲသမားနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူ(၇)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၅) ဦးကျော် ထိခိုက်ဒဏ်ရာရ

အာဖဂန်မြို့တော်တွင် တာလီဘန် အသေခံဗုံးခွဲသမားနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူ(၇)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၅)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယခုဖြစ်ရပ်သည် ကာလရှည်ဆိုင်းငံ့ထားတဲ့ လုံခြုံရေးသဘောတူညီချက်ကို အာဖဂန်အစိုးရသစ်နှင့် အမေရိကန်ပြ့ည်ထောင်စုတို့ လက်မှတ်ရေးထိုးခဲ့ပြီး နောက်တစ်နေ့မှာ ဖြစ်ပွါးခဲ့တာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အာဖဂန်တပ်ဖွဲ့ကို တင်ဆောင်လာတဲ့ ဘတ်စ်ကားနှင့် ယာဉ်တစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ တိုက်ခိုက်မှုသည် ကဘူးလ်မြို့ရဲ့အနောက်ဘက်မှာ ဖြစ်ပွါးခဲ့ပြီး ကဘူးလ်တက္ကသိုလ်ကို ပိတ်ထားခဲ့ရကာ တာလီဘန်တို့သည် နိုင်ငံခြားတပ်ဖွဲ့များကို တိုက်ထုတ်ရန်နဲ့ အမေရိကန်ထောက်ခံအစိုးရကို ဖြုတ်ချရန်ပဲဖြစ်ပါသည်။ အာဖဂန်နဲ့ အမေရိကန်တို့မှ တာဝန်ရှိသူများသည် ‘ဒီနှစ်ကုန်ပြီးနောက် နိုင်ငံတွင်းမှာ အမေရိကန်တပ်ဖွဲ့များ ဆက်လက်နေထိုင်ရန်အတွက် မနေ့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment