Wednesday, October 1, 2014

ဘဂ္ဂဒက်ရှိ ရှီးအိုက်များနေထိုင်ရာဒေသများတွင် ကားဗုံးပေါက်ကွဲမှုနှင့် မော်တာကျည်များနှင့် တိုက်ခိုက်မှုများကြောင့် (၃၅) ဦးထက်မနည်း သေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့်၏  ရှီးအိုက်များနေထိုင်ရာ အဓိကဒေသများမှာ စက်တင်ဘာ (၃၀) ရက်နေ့က ကားဗုံးပေါက်ကွဲမှုနှင့် မော်တာကျည်များနှင့် တိုက်ခိုက်မှုများကြောင့် လူပေါင်း(၃၅)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါသည်။ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့များက အီရတ်ရှိ အိုင်အက်စ်လက်နက်ကိုင်များကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဩဂုတ်လကတည်းက ယခုဖြစ်ရပ်သည် မြို့ရဲ့အပြင်းထန်ဆုံး နေ့ရက်များထဲက တစ်နေ့ပဲဖြစ်ပါသည်။ ဘဂ္ဂဒက်အရှေ့တောင်ဘက် ရှီးအိုက်တို့ရဲ့ ဒေသမှာဖြစ်ပွါးခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုမှာတော့ လူ(၇)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့ပါသည်။ အယ်လ်-ချူလာဒေသကို မော်တာကျည်(၃)ခု ကျရောက်မှုမှာတော့ လူ(၃)ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ နယ်မြေပြန်လည်ရရှိရန်အတွက် အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုများကိုတော့ ဆီးရီးယားရှိ အာရပ်လေတပ်နှင့် အီရတ်ရှိ ဥရောပမသည်မိတ်များရဲ့ အကူအညီများနှင့် အီရတ်ရှိအစိုးရနှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များနှင့် ဆီးရီးယားရှိဆွန်နီတို့မှ အကူအညီများရရှိလိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment