Thursday, October 30, 2014

ကနေဒါ လွှတ်တော် တိုက်ခိုက်ခံရမှုအပြီးတွင် ရဲများနှင့် လက်နက်ကိုင်အစောင့်များ ပိုမိုချထား

ပြီးခဲသည့် တစ်ပတ်က အစ်ဇလမ်းမစ် လက်နက်ကိုင် တစ်ဦးကြောင့် ကနေဒါ လွှတ်တော် တိုက်ခိုက်ခံရမှု အပြီးမှာတော့ အင်္ဂလန်နိုင်ငံ ဗြိတိန်ရောက် ခရီးသွားများ အနေနှင့် ရဲများနှင့် လက်နက်ကိုင် အစောင့်များကို ပိုမိုမြင်တွေ့ လာနေရပါသည်။ အထူးသဖြင့်တော့ အနောက်နိုင်ငံတွေမှာ နိုင်ငံ့ခေါင်း ဆောင်များ၏ နေထိုင်ရာနှင့် အစိုးရရုံးများကို လေ့လာသွားနိုင်ရန် လုပ်ဆောင် ထားသည့်အတွက် ယခင်ကထက် ပိုမိုများပြားပြီး အစောင့်တင်းကျပ် မှုတွေကို ပြုလုပ်ထားခဲ့တာပဲ ဖြစ်ပါသည်။ ယခုအချိန်ဟာ ခရီးသွားရာသီလည်း ဖြစ်တာကြောင့် ဘာသာရေး အစွန်းရောက် များ၏ရန်ကို သတိရှိရန်တော့ လိုကြောင်းတော်ဝင် ဝန်ဆောင်မှု နည်းပညာမှ အကြီးအကဲ မိုက်ကယ်လ် ကလက်ခ်က ပြောပါသည်။ ပြီးခဲ့သည့် တစ်ပတ်က ကနေဒါ ဖြစ်ရပ်မှာတော့ အစောင့်စစ်သားကို သေနတ်သမားက သေအောင်ပစ်ခတ် သွားခဲ့တာ ဖြစ်ပါသည်။ လန်ဒန်မြို့ ရဲတပ်ဖွဲ့အနေနှင့် မြို့လမ်းတွေပေါ်က လုံခြုံရေးကိုအထူး ဂရုစိုက်ထားပြီး အချိန်မရွေး တိုက်ခိုက်လာ နိုင်သည့်အတွက် ခရီးသွား အများစုရှိရာမှာ လက်နက်များနှင့် နေရာယူ စောင့်ဆိုင်းလျှက် ရှိပါသည်။ ခရီးသွားများအနေနှင့် ကြောက်လန့် စရာမလိုပဲ အေးချမ်းစွာနှင့် သွားလာနိုင်ကြောင်း လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျွန်ဆင်က ပြောပါသည်။ ဗြိတိန်အနေနှင့် လုံခြုံရေး သတိပေးချက်ကို ပြီးခဲ့သည့် ဩဂုတ်လ ကတည်းက ထုတ်ပြန်ထားပြီး အမြဲလို စောင့်ကြည့်လျက်ရှိကာ ဗြိတိန်သား ရာကျော်ဟာ အီရတ်နှင့် ဆီးရီးယားကို စစ်သွားတိုက်ပြီးနောက် ဗြိတိန်ကို ပြန်လည်ရောက်ရှိ နေကြသည့်အတွက် ဗြိတိန်မြေမှာ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင် သည့်အတွက်အသင့် အနေအထားနှင့် စောင့်ကြည့် လျက်ရှိကြောင်း သိရှိရပါသည်။


No comments:

Post a Comment