မိမိအား အဓ္ဓမပြုကျင့်ရန်ကြိုးစားသည့်
အမျိုးသားအား သတ်မှုဖြင့် ဖမ်းဆီးခြင်းခံထားရသည့် အသက်(၂၆)နှစ်အရွယ် အမျိုးသမီးအား အခုသီတင်းပတ်က
သေဒဏ်စီရင်ခဲ့သည့် အီရန်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီအား
တုန်လှုပ်စေခဲ့ကြောင်း အခုလ(၂၈)နေ့က ဖော်ပြခဲ့ပါသည်။ ရှီဟန်နာ-ဂျက်ဘာရီဟာ လမည့်စနေနေ့မှာ
တီဟီရန်ရှိ အီဗင်အကျည်းထောင်မှာ ကြိုးစင်တက်ရမှာဖြစ်ပါသည်။ သေဒဏ်ပေးမှုနှင့် ပက်သက်ပြီး
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ပြစ်တင်ဝေဖန်ခဲ့သလို သမ္မတဟာဆန်ရိုဟာနီ၏ အစိုးရအား ပြစ်ဒဏ်လျော့ပေါ့ပေးရန်
တောင်းဆိုခဲ့ပါသည်။ ရိုဟာနီဟာ ပြီးခဲ့သည့်နှစ်က နိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်မည်ဆိုသည့် ကတိစကားနှင့် သမ္မတရာထူးကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ ဘက်ဂျာရီဟာ
(၂၀ဝ၇)ခုနှစ် အသက်အရွယ်ကြီးရင့်သည့် အမျိုးသားအား မီးဖိုချောင်ဓါးဖြင့် သတ်ခဲ့ကြောင်း
ပြစ်မှုထင်ရှားပြီးနောက် မျက်လုံးတစ်လုံးကို မျက်လုံးတစ်လုံး အစားထိုးပေးလျော်ရမယ်ဆိုသည့်
ခိုရမ်ကျမ်းအရ သေဒဏ်ပေးခံခဲ့ရတာဖြစ်ကြောင်း သိရပါသည်။ အမေရိကန်အခြေစိုက် အီရန်လူ့အခွင့်ရေး
စင်တာ၏ မှတ်တမ်းများအရ အခုသေဒဏ်စီရင်မှုဟာ အခုနှစ်အတွင်း (၅၃၁)ခုမြောက် သေဒဏ်စီရင်မှုဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment