အမေရိကန်တို့၏
အာကာသကုန်တင်ယာဉ် ပေါက်ကွဲပြီးနောက် နိုင်ငံတကာအာကာသ စခန်းသို့ ထောက်ပံ့ရေးပစ္စည်းများ
ပေးပို့ရန် ရုရှားတို့၏ အာကာသကုန်တင်ယာဉ်ဖြစ်သည့် ပရောဂရက်စ်-၅၇ပာ ကာဇတ်စတန်ရှိ ဘိုင်ကိုနော့ဗ်
အာကာသလွှတ်တင်ရေးစခန်းမှ အောက်တိုဘာလ(၂၉)ရက်နေ့က လွှတ်တင်ခဲ့ပြီး အာကာသစခန်းနှင့် အောင်မြင်စွာ
ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရပါသည်။ ၄င်းယာဉ်သည် အာကာသစခန်းရှိ အာကာသယာဉ်မှူး (၆)ဦးအတွက်
ပေါင်(၅၂၀ဝ)ခန့်ရှိသည့် ရိက္ခာ၊ လောင်စာဆီနှင့် ထောက်ပံ့ရေးပစ္စည်းများကို သယ်ဆောင်သွားခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment