ဆွစ်ဇာလန်နိုင်ငံမှ
တာဝန်ရှိသူများသည် လူဆန်နီနှင့် ဂျနီဖာရှိ ဆေးဝါးတက္ကသိုလ်များမှ စမ်းသပ်ထုတ်လုပ်သည့်
အီဗိုလာကာကွယ်ဆေးကို ပြီးခဲ့သည့်အင်္ဂါနေ့က ထောက်ခံခွင့်ပြုခဲ့ပါသည်။ ဆွစ်ဇာလန်နိုင်ငံ
ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူများက ကုထုံးဆိုင်ရာ ထုတ်ကုန်ဖြစ်သည့် လူ(၁၂၀)နီးပါးနှင့်
အီဗိုလာရောဂါ ကာကွယ်ဆေးကို စမ်းသပ်ထုတ်လုပ်ခဲ့ပါသည်။ ဒီစမ်းသပ်ဆေးဝါးသည် မာလီ၊ ဗြိတိန်နှင့်
အမေရိကန်ပြည်ထောင်စုတို့မှာရှိနေသည့် ကူးစက်လွယ် အီဗိုလာခံစားနေရသူများကို စတင်စမ်းသပ်ကုသမှာဖြစ်ပြီး
လူဆန်နီမှာ အခုသီတင်းပတ်မှာ စတင်နေပြီဖြစ်ကာ (၂၀၁၄)ခုနှစ် ဒီဇင်ဘာမှာ ကောင်းမွန်သည့်ရလဒ်ရရှိရန်
မျှော်လင့်ထားကြောင်း သိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒဗလျူအိတ်ခ်ျအို၏ ပြောကြားချက်အရ
အကယ်၍ ဒီကာကွယ်ဆေးဟာ ထိရောက်ပြီး ဘေးအန္တရာယ်ကင်းရှင်းပါက လာမည့်နှစ်မှာ ထုတ်လုပ်မှုကို
ထပ်မံတိုးမြှင့်သွားမှာဖြစ်သည်ဟု သိရှိရပါသည်။
No comments:
Post a Comment