Wednesday, October 29, 2014

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိ မီးတောင်မှ ချော်ရည်များစီးဆင်း

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိ မီးတောင်မှ ဖြည်းညှင်းစွာ စီးဆင်းလျှက်ရှိသည့် ချော်ရည်များသည် အောက်တိုဘာလ(၂၉)ရက်နေ့က ဘစ်ကျွန်းရှိ ဒေသခံများ၏ မြေယာများအပေါ်  ဖြတ်သန်းစီးဆင်းခဲ့ပြီး နေအိမ်နှင့် လုပ်ငန်း(၁၀)ခုကျော်ကို ခြိမ်းခြောက်လျှက်ရှိပါသည်။ ပြီးခဲ့သည့်အင်္ဂါနေ့က လူမနေသည့်အိမ်တစ်လုံး မီးလောင်ပြာကျခဲ့ပါသည်။ အိမ်ခြေ(၅၀)ရှိ ဒေသခံများကို နေအိမ်များမှ ထွက်ခွာရေးပြင်ဆင်ရန် တိုက်တွန်းထားပါသည်။ ပါဟိုဝါမြို့သည် ကြံစိုက်ခင်းတစ်ခုအပေါ်မှာ တည်ထောင်ထားခြင်းဖြစ်ပြီး လူဦးရေ(၈၀ဝ)ခန့် နေထိုင်ကာ စီးပွားရေးလုပ်ငန်းများဟာ အန္တရာယ်အရှိဆုံး အပိုင်းဖြစ်သည့် တောင်ပိုင်းမှာ တည်ရှိနေကြောင်း သိရပါသည်။ ချော်ရည်ပူများ၏ အပူချိန်ဟာ (၁၆၅၀)ဒီဂရီဖာရင်ဟိုက်ထက် ပိုမိုပူပြင်းကြောင်း အမေရိကန်ဘူမိ တိုင်းတာရေးအဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။


No comments:

Post a Comment