ဂျာမနီနိုင်ငံမှာ
(၁၉၄၉)ခုနှစ် တုန်းကတော့ စီးဆင်းနေသည့် စမ်းချောင်းသေးငယ် ပေမဲ့လည်း ပထဝီဝင် သဘောအရတော့
အရေးပါပြီး နယ်စပ်စည်း ဖြစ်ခဲ့ပါသည်။ လူလေး
နည်းနည်းရှိသည့် မြို့လေး မိုလာရုသ်ဟာ အရှေ့အနောက် ဂျာမနီ (၂)ပိုင်းကွဲတော့ သူလည်းပဲ အခွဲခံလိုက် ရပါသည်။ သွားချင်သည့်ဘက်ကို
သွားနိုင်သော်လည်း ပြန်လာခွင့် မရှိပါ။ ((၁၉၅၂)ခုနှစ်
တုန်းကတော့ မီတာ(၃၀ဝ)ထိရှိတယ် မြစ်တစ်လျှောက်ပဲ။ (၁၉၆၆)ရောက်တော့ မီတာ(၇၀ဝ)အထိ ဖြစ်သွားတယ်
နောက်တော့ လစ်တဲလ်ဘာလင်လို့ ခေါ်ကြသည်ဟု မိုလာရုသ်ပြတိုက် တာဝန်ရှိသူ ရောဘတ် လီဘီဂျန်က
ပြောပါသည်။ မိုလာရုသ် နံရံကြီးကို (၂၄)နာရီ အစောင့်ထားပြီး တစ်ဖက်နှင့် တစ်ဖက်တောင်
ဟယ်လိုလို့ နှုတ်ဆက်ခွင့် မရှိခဲ့ပါဘူး။ (၁၉၈၉) နိုဝင်ဘာ (၁၀)ရက်ကျမှ ဒီနံရံကြီးကို
ဖြိုချခဲ့တာပဲ ဖြစ်ပါသည်။ မြို့လေးကို နှစ်ပိုင်းခွဲခဲ့တာ ကြာသော်လည်း မေ့မရသည့် အချက်များက
သတိတရ ဖြစ်နေစေပါသည်။ မိုလာရုသ်မှာ ပြတိုက်တစ်ခု တည်ဆောက်ထားပြီး ပြီးဆုံးခဲ့သည့် သမိုင်းကို
လေ့လာနိုင်ရန်ရာ စီစဉ်ပေးထားပြီး နှစ်စဉ်ဆိုသလို ခရီးသွား ဧည့်သည်ပေါင်း (၇)သောင်းခန့်
လာရောက် လေ့ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment