ပြီးခဲ့သည့်လက Air Asia လေယာဉ် ပျက်ကျမှုကြောင့် လိုက်ပါလာသူ(၁၆၂)ဦး
သေဆုံးခဲ့ပြီး အဲဒီလေယာဉ်မှ အပိုင်းအစများနှင့် ရုပ်အလောင်းများရှာဖွေမှုများကို အင်ဒိုနီးရှား
ရှာဖွေရေးအဖွဲ့က ပြုလုပ်ခဲ့ပေမဲ့ ဇန်န၀ါရီလ(၂၇)ရက်နေ့က စတင်ပြီး ရှာဖွေမှုများကို ရပ်နားသွားမှာ
ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ ရှာဖွေရေးလုပ်ငန်းစဉ်များကို ရက်(၃၀)ကြာ ပြုလုပ်ခဲ့ပြီး လေယာဉ်ကိုယ်ထည်ကိုလည်း ဆယ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့်
ရာသီဥတု အခြေအနေအရ ခက်ခဲသည့်အတွက် ရပ်ဆိုင်းလိုက်တာ ဖြစ်ကြောင်း ရေတပ်မှ တာဝန်ရှိသူ
ဝီဒိုဒိုက ပြောကြားခဲ့ပါသည်။ ဒါ့အပြင် ပူးပေါင်းရှာဖွေရေး
အဖွဲ့များကလည်း ပြန်လည်ထွက်ခွာ သွားပြီဖြစ်ကြောင်း ၊လေယာဉ်ပေါ်ပါ ခရီးသည်များ၏ မိသားစုဝင်များကိုလည်း
တောင်းပန်ပါကြောင်းနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများအား လိုက်လံရှာဖွေမှုကို အစွမ်းကုန်
ကြိုးစားခဲ့ပါကြောင်း ၄င်းက ပြောကြားခဲ့တယ်လို့
သိရှိရပါသည်။
No comments:
Post a Comment