ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ Tank ခရိုင်မှာ လျှပ်စစ်ဓါတ်အား
ပြတ်တောက်မှုကြောင့် ဇန်န၀ါရီလ(၂၇)ရက်နေ့က ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဆန္ဒပြသူများဟာ Tank မှာရှိသည့် လျှပ်စစ်ကုမ္ပဏီရုံးများကို အပြင်းအထန် ဆန္ဒပြခဲ့သည့်အတွက်
ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရသလို ဆန္ဒပြသူများကိုလည်း ဖမ်းဆီးခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံဟာ လျှပ်စစ်ဓါတ်အား ရုတ်တရက် ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရပြီး ကမ္ဘာလုံးဆိုင်ရာ
ရေနံဈေးကျဆင်းနေသည့်အချိန်မှာ ပြည်တွင်းလောင်စာဆီ ထောက်ပံ့မှု မလုံလောက်ခြင်းကို မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့
အစိုးရ၏ ပျက်ကွက်မှုအပေါ် ဒေသခံအများစုက အပြစ်တင်ခဲ့ကြပါသည်။ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုနှင့်ပတ်သက်ပြီး
အထူးအလေးထား စုံစမ်းနေကြောင်း၊ ဓါတ်အားပေးစနစ်ကို ဘလူချီစတန် လက်နက်ကိုင်များက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနှင့်
နိုင်ငံ၏ လျှပ်စစ်ဓါတ်အား တပ်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး လုံခြုံရေးကိုလည်း
တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပါကစ္စတန်၏ ရေအားလျှပ်စစ်ဝန်ကြီးက ပြောကြားခဲ့တယ်လို့
သိရှိရပါသည်။
No comments:
Post a Comment