အနောက်အာဖရိကမှာ စတင်ဖြစ်ပွားခဲ့သည့်
အီဘိုလာရောဂါကြောင့် လူပေါင်းထောင်ကျော် သေဆုံးခဲ့ရပါသည်။ လိုက်ဘေးရီးယားနိုင်ငံ မွန်ရိုးဗီးယားမှာလည်း
အီဘိုလာရောဂါ ကာကွယ်ဆေး စမ်းသပ်မှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ
ကာကွယ်ဆေး စမ်းသပ်မှုဟာ ထိရောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း နဲ့ လိုက်ဘေးရီးယားမှာ
ရောဂါဖြစ်ပွားမှု လျော့ကျနေပြီဖြစ်ကြောင်း လိုက်ဘေးရီးယား ဒုတိယကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။
ယခုစမ်းသပ်လေ့လာမှုသည် အီဘိုလာရောဂါဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ ထိရောက်ကောင်းမွန်သည့်
အလှည့်အပြောင်းတစ်ခုအဖြစ် သက်သေပြနိုင်လိမ့်မည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment