Wednesday, July 29, 2015

ကရင်ပြည်နယ်၊ ရွှေဂွန်းမြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်

ကရင်ပြည်နယ်၊ ရွှေဂွန်းမြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ အိမ်ထောင်စု (၆၆)အုပ်စု ရေလွှမ်းခဲ့သည်။ ယာယီကယ်ဆယ်ရေးစခန်းကို ရွှေဂွန်းအထက် ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားရှိကာ ရေလွှမ်းမိုးခံရသော အိမ်ထောင်စုများမှ ကျား (၁၄၅)ဦးနှင့် မ(၁၃၅)ဦး စုစုပေါင်း (၂၈၀)ဦးအား ပြောင်းရွှေ့နေရာ ချထားပေးခဲ့သည်။ လက်ရှိရွှေဂွန်းမြို့၏ မြစ်ရေချိန်အမှတ်သည် ၁၀၆၁ စင်တီမီတာသို့ ရောက်ရှိပြီး စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေကြောင်း သတင်းရရှိသည်။


No comments:

Post a Comment