စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်းနှင့် အောက်ပိုင်း ကျေးရွာ ဒေသအများအပြားတွင် ဇူလိုင်လ ပထမအပတ်မှ စတင်ပြီး
ယမန်နှစ်ထက် မိုးပိုမိုစွာ အဆက်မပျက်ရွာသွန်းခဲ့မှုကြောင့် ယင်းမာပင်ခရိုင် အနီးအတွင်းရှိ
ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး စသည့်မြို့နယ်များနှင့် ထိဆက်လျက်ရှိသည့် ချင်းတွင်းမြစ်ရိုးတစ်လျောက်
ဝဲယာဘက်ခြမ်းမှ ကျေးရွာအများအပြားတွင် ချင်းတွင်းမြစ် ရေကြီးရေလျံမှုဖြစ်ပေါ်လျက်ရှိရာ
ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်တွင် ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်ပိုင်းမှ သြဂုတ်လ
(၂)ရက်နေ့အထိ ကျေးရွာ (၁၇)ရွာထဲသို့ အနည်းဆုံး (၆)ပေမှ အထက်သို့ ချင်းတွင်းမြစ်ရေ ထပ်မံလျံတက်ဝင်ရောက်လျက်ရှိသည့်အတွက်
မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးစိုးဝင်း ဦးဆောင်းပြီး မြို့နယ်ရေဘေးကယ်ဆယ်ရေးအဖွဲ့မှ
တာဝန်ရှိသူများက နေ့ညမပျက် ဂရုပြု စောင့်ကြပ်ကာ ရေလွတ်ရာပြောင်းရွှေ့ထားသော အိမ်ထောင်စု
(၃၆)စုမှ ရေဘေးသင့် ဒေသခံပြည်သူ (၁၉၃)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများအပြင် လိုအပ်သော
အကူအညီများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
No comments:
Post a Comment