Monday, November 2, 2015

နေပြည်တော်ဇုန် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ သင်တန်းဆင်း

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်သည် နိုဝင်ဘာ (၂) ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိဟိုတယ်ဇုန်ရှိ The Hotel Royal ACE ၌ ကျင်းပပြုလုပ်သော ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှကြီးကြပ်၍ နေပြည်တော်ဇုန် ဟိုတယ်လုပ်ငန်းရှင်များ အသင်း၏စီစဉ်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနား သို့ တက်ရောက်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများအား နေပြည်တော်အပါအ၀င် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျစီမံဆောင်ရွက် ရန်လိုအပ်ရှိပြီး အထူးသဖြင့် တိုးချဲ့ဖွင့်လှစ်လျက်ရှိသောဟိုတယ်များအတွက် စနစ်တကျကျွမ်းကျင်တတ် မြောက်သော ၀န်ထမ်းများလိုအပ်၍ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်း သား၊သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးသော သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်၌ အကျိုးရှိစွာပြန်လည်အသုံးချတတ်ရန် လိုအပ်ပါကြောင်း၊ စာတွေ့သာမက လက်တွေ့နယ်ပယ်တွင်လည်း ဆက်လက်လေ့လာကြိုးစားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့နှင့်ဆက်စပ်သော ဗဟုသုတအတတ်ပညာ ရပ်များကို အင်တာနက်မှတစ်ဆင့် ဆက်လက်ရှာဖွေလေ့လာကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်စွာတတ်ကျွမ်း နားလည်အသုံးချနိုင်ရန်အတွက် ဆည်းပူးလေ့လာကြရန် လိုအပ်ပါကြောင်းမှာကြားသည်။ ၄င်းနောက် နေပြည်တော်ဇုန် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဌ ဦးအုန်းကျော်မှ သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူကိုယ်စားလှယ် တစ်ဦးအားသင်တန်းဆင်း အောင်လက်မှတ်များချီးမြှင့်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment