မြန်မာနိုင်ငံမှာအင်တာနက်သုံးစွဲမှုများပြားလာသည်နှင့်
အမျှ အွန်လိုင်းဈေးဝယ်စနစ်များလည်း သုံးစွဲသူများအကြားရေပန်းစားလာပါသည်။ မြန်မာနိုင်ငံ၏
အွန်လိုင်းဈေးဝယ်စနစ်တွင် website မှရောင်းချခြင်းထက် Facebook မှရောင်းချခြင်းက ပိုမိုများပြားနေပြီး
online ဈေးဝယ်စနစ်နဲ့ပက်သက်၍
ပေါ်ပေါက်လာသည့် ပြသနာများကို တည်ဆဲဥပဒေအရသာ တိုင်ကြားပြီး
အရေးယူနိုင်ပြီး သီးသန့်ဥပဒေမရှိသေးဘူးဟုသိရပါသည်။ online ဈေးဝယ်စနစ်နဲ့ပက်သက်ပြီး
မည်ကဲ့သို့ စီစဉ်ဆောင်ရွက်သင့်သလဲဆိုတာဆွေးနွေးထားခြင်း ဖြစ်ပါသည်။
Thursday, December 31, 2015
မျက်မှောက်ရေးရာအဖြာဖြာကဏ္ဍ - ပြုပြင်ပြောင်းလဲရမည့် ပညာရေးစနစ်
ပညာရေးဝန်ကြီးဌာနကနေ
လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူငယ်တန်းသင်ရိုးညွှန်းတမ်း အသစ်ကို
ပြောင်းလဲသင်ကြားနိုင်ရန်အတွက် ၂၀၁၃ခုနှစ် ကစတင်ပြီး အကောင်အထည်ဖော်ခဲ့သည်ဟုသိရပါသည်။
ပညာရေးစနစ်အဟောင်းမှ အသစ်သို့ စတင်ပြောင်းလဲသွားမည် ဆိုလျှင်
ပညာရေးစနစ်အသစ်မှာ ဘာတွေထူးခြားပြောင်းလဲသွားနိုင်မည်၊ မည်သည့်အခက်အခဲများရှိနေသည်ဆိုသည်ကို
ဆွေးနွေးထားခြင်းဖြစ်ပါသည်။
Wednesday, December 30, 2015
ချမ်းချမ်း၏ “အိပ်မက်” တေးစီးရီး DVD ကာရာအိုကေထွက်ရှိမည်
တေးသံရှင်ချမ်းချမ်း၏
“အိပ်မက်” တေးစီးရီး DVD ကာရာအိုကေထွက်ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။
နန်းခင်ဇေယျာ၏ ပထမဆုံးတေးစီးရီးထွက်ရှိခြင်း အထိမ်းအမှတ် ပရိသတ်တွေ့ဆုံပွဲ ကျင်းပ
နန်းခင်ဇေယျာ၏
ပထမဆုံးတေးစီးရီးသစ်ဖြစ်သည့် “ဘယ်တော့မှမရပ်” ထွက်ရှိခြင်း အထိမ်းအမှတ် ပရိသတ်တွေ့ဆုံပွဲ
ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ပတ္တမြား FM Live Show (2) တေးအယ်လ်ဘမ်သစ် ထွက်ရှိမည်
ပတ္တမြား
FM ရေဒီယို၏ Live Show (2) တေးအယ်လ်ဘမ်သစ် ထွက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ တို့အကြား
စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင် ရွက်ရေး သဘောတူစာချုပ် လက်မှတ်
ရေးထိုးပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၃၀)ရက်နေ့ နေ့လည် ၃ နာရီတွင် အမျိုးသား
စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌
ကျင်းပသည်။ အခမ်းအနားသို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး များ
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ
တရုတ်သံအမတ်ကြီး Mr. Hong Liang ဦးဆောင်သည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
အစိုးရတို့ အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ
စာချုပ်ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီး
ဒေါ်လဲ့လဲ့သိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang တို့က
လက်မှတ် ရေးထိုးကြသည်။ အဆိုပါ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခြင်းအားဖြင့်
မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာမည်
ဖြစ် ပြီး ရေဘေးသင့် ဒေသများတွင် ဆောင်ရွက်နေသည့် ပြန်လည် ထူထောင်ရေး
လုပ်ငန်းများ၊ ကျန်းမာရေးနှင့် ဆေးဝါးစီမံချက် အပါအဝင် စီးပွားရေး၊ လူမှုရေး
ဖွံ့ဖြိုးတိုးတက်မှု စီမံချက်များ အတွက် အထောက်အကူ များ ရရှိလာမည် ဖြစ်ကြောင်း
သတင်းရရှိသည်။
စီးပွားရေးပညာရှင် ဦးလှမောင်နှင့် ဆွေးနွေးတင်ပြချက်
မြန်မာ့စီးပွားရေးမှန်ကန်စွာဖွံ့ဖြိုးဖို့
ဆွေးနွေးတိုင်း မြန်မာ့ငွေကြေးမူဝါဒနှင့် မြန်မာ့ငွေကြေး စနစ်ကို အခြေခံမှစတင်ပြီး
ပြောင်းလဲသင့်ကြောင်း နိုင်ငံတကာမှ စီးပွားရေးပညာရှင်များက အကြံပြုလေ့ရှိပါသည်။ ပြောင်းလဲချိန်ကြာမြင့်ခဲ့သော်လည်း
မြန်မာ့စီးပွားရေးအတွက် အရေးပါသည့် မျက်နှာစာတစ်ခုကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင်
ဖွင့်လှစ်လိုက်သည့် စတော့အိတ်ချိန်းခေါ်ငွေကြေး ဈေးကွက်ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိစတော့အိတ်ချိန်း၏အနေအထား
နောက်အလားအလာနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင်
ဦးလှမောင်နှင့် ဆွေးနွေးပြီး တင်ပြအပ်ပါသည်။
မြန်မာ့မိုဘိုင်းဖုန်းဈေးကွက် ကြီးထွားမှုနှုန်းကမ္ဘာပေါ်တွင် စတုတ္ထအမြန်ဆုံးဖြစ်
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်သည်
ကမ္ဘာပေါ်တွင် စတုတ္ထအလျင်မြန်ဆုံးကြီးထွား လာနေသော ဈေးကွက်ဖြစ်ပြီး ၂၀၁၅ခုနှစ်၊ တတိယသုံးလပတ်အတွင်း
တစ်ကမ္ဘာလုံးအတိုင်းအတာအရ တိုးပွားလာသော မိုဘိုင်းဖုန်းအသုံးပြုသူ(၈၇)သန်း၏(၆)ရာခိုင်နှုန်း
ဖြစ်သည့် (၅.၂၂)သန်းသည် မြန်မာနိုင်ငံကဖြစ်ကြောင်း Ericsson
mobility အစီရင်ခံစာက
ဖော်ပြထားပါသည်။ လူဦးရေ အဆမတန်များပြားသော
အိန္ဒိယ၊ တရုတ်နှင့် အမေရိကန်နိုင်ငံပြီးရင် မိုဘိုင်းဖုန်းသုံးစွဲသူ တိုးပွားမှုနှုန်းကမ္ဘာတွင်
စတုတ္ထအမြန်ဆုံးဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး
ဆက်သွယ်ရေးအော်ပရေတာ (၃)ခုမှ မိုဘိုင်းဆင်းမ်ကဒ်ပေါင်း (၃၃)သန်းကျော် ရောင်းချထားပေးပြီး
တယ်လီနောသုံးစွဲသူ (၁၁.၈)သန်း၊ အူရီဒူး သုံးစွဲသူ (၄.၈)သန်းနှင့် MPT သုံးစွဲသူ (၁၆)သန်းကျော်ရှိပြီး အင်တာနက်
အသုံးပြုသူ (၂၇)သန်းကျော်ရှိပါသည်။ မြန်မာနိုင်ငံ၏
မိုဘိုင်းဖုန်းသုံးစွဲသူ (၆၅)ရာခိုင်နှုန်းတွင် စမတ်ဖုန်းအသုံးပြုသူများဖြစ်ကြပါသည်။
မြန်မာ့မိုဘိုင်းဖုန်းဈေးကွက်သည် ယခင်က မပြောပလောက်သော သုံးစွဲမှုပမာဏမှ အလျင်အမြန်
တိုးပွားလာခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် လူဦးရေ၏ (၉)ရာခိုင်နှုန်းခန့်သာ မိုဘိုင်းဖုန်းအသုံးပြုခဲ့ရာမှ
၂၀၁၅ နှစ်လယ်လောက်တွင် (၅၄.၆)ရာခိုင်နှုန်းအထိရှိလာ ပါသည်။ ၂၀၁၈ခုနှစ်တွင် မိုဘိုင်းဖုန်း
သုံးစွဲမှုပမာဏမှာ (၇၀)ရာခိုင်နှုန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။
Tuesday, December 29, 2015
ကမ္ဘာ့ဆန်ဈေးနှုန်းထက် ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်နေ
ပြည်တွင်းဆန်ဈေးနှုန်းသည် တင်းတစ်ရာကို ကျပ်ငါးသိန်းခွဲ၊
ခြောက်သိန်းနီးပါးဖြစ်နေခြင်းကြောင့် ပြည်တွင်းဆန်ဈေးက ကမ္ဘာ့ဆန်ဈေးထက် တစ်တန်ကို ဒေါ်လာငါးဆယ်ဝန်းကျင်လောက်
မြင့်တက်နေကြောင်း သိရပါသည်။
မြန်မာနိုင်ငံနှင့် အမေရိကန်နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုအဆင်ပြေလာမည်
၂၀၁၅ခုနှစ်
ဘဏ္ဍာနှစ်အတွင်းတွင် မြန်မာနိုင်ငံနှင့် အမေရိကန်ကုန်သွယ်မှုပမာဏသည် ဒေါ်လာ သန်းတစ်ရာကျော်သာ
ရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါသည်။ ယခင် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံနှင့် အမေရိကန်ဒေါ်လာ
သန်းငါးရာ့ငါးဆယ်နီးပါးရှိပြီး ယခုဘဏ္ဍာနှစ်ကုန်ရန် နီးလာသည့်အထိ ကုန်သွယ်မှုသည်သန်းတစ်ရာကျော်သာရှိကြောင်း
သိရပါသည်။ အခုလက်ရှိအချိန်ထိ ကုန်သွယ်မှုပမာဏက ဒေါ်လာတစ်ရာ့သုံးသန်းရှိပြီး မြန်မာနိုင်ငံကတင်ပို့သည့်
ပို့ကုန်ပမာဏတွင် (၃၈)သန်း ရှိကာ အမေရိကန်နိုင်ငံက တင်သွင်းသည့် သွင်းကုန်ပမာဏက (၆၅)သန်းရှိပါသည်။
ဒီဇင်ဘာလ (၇)ရက်က အမေရိကန်ကုမ္ပဏီများမှ ကူးသန်းရောင်းဝယ်ခွင့်ကို (၆)လတာခွင့်ပြုသည့်အနေနှင့်
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကုန်သွယ်ရေးပြစ်ဒဏ်ခတ်မှုတစ်ချို့ကို အမေရိကန်အစိုးရက
ဖြေလျှော့ပေးလိုက်ပါသည်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုတွေလျော့ချလိုက်သည့်အတွက်
နှစ်နိုင်ငံ ကုန်သွယ်မှုသိသိသာသာတိုးတက်လာနိုင်ပြီး ယခင်က စင်္ကာပူနိုင်ငံမှ တစ်ဆင့်ခံတင်ပို့ရကာ
ယခု ကုန်သွယ်မှုလည်း ပိုမိုကောင်းမွန်လာမည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံက တင်ပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့်
ပဲမျိုးစုံနှင့်ပန်းနှမ်း သစ်တောထွက်ပစ္စည်း၊ ရေထွက်ကုန်၊ စက်မှုကုန်ချောနှင့် ချုပ်ပြီးအထည်များဖြစ်ပါသည်။
အမေရိကန်နိုင်ငံမှ သွင်းကုန်များအနေနှင့် လေယာဉ်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်း၊ စက်နှင့်စက်ပစ္စည်းများ၊
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့်ဆိုင်သည့်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်း၊
ပလပ်စတစ်ကုန်ကြမ်းပစ္စည်း၊ ဓာတ်မြေဩဇာနှင့် ဆေးဝါးများအပြင် လူသုံးကုန်များလည်းပါဝင်ကြောင်း
သိရပါသည်။
ပုဂံဒေသ၏ နေဝင်ချိန်ကို ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေစွာကြည့်ရှုနိုင်မည့် နေရာသစ် တစ်ခုဖန်တီးပေးမည်
လက်ရှိအချိန်
မြန်မာနိုင်ငံ၏ ခရီးသွားရာသီဖြစ်ပြီး နိုင်ငံခြားခရီးသွားအများဆုံး လာရောက် လည်ပတ်သည့်ဒေသများသည်
ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးနှင့် ကျိုက်ထီးရိုးစေတီတို့ဖြစ်ပါသည်။ ၎င်းခရီးသွား နေရာများထဲမှ
ပုဂံဒေသ၏နေဝင်ချိန်ကို လာရောက်ကြည့်ရှုကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများပြားလာပြီး
နေရာမလုံလောက်ခြင်းကြောင့် ပုဂံ၏နေဝင်ချိန်ကို ကြည့်ရှုနိုင်မည့် နေရာသစ်ကို စူဠာမဏိစေတီဘေးတွင်
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ ဖန်တီးပေးသွားမယ်လို့သိရပါသည်။
၎င်းပုဂံဒေသ၏ နေဝင်ချိန်နေရာသစ်ကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန်
စူဠာမဏီစေတီဘေးမှာရှိသည့် ရေကန်ဘောင်ကို နေဝင်ချိန်ကြည့်ရှုနိုင်မည့် အနေအထားရောက်အောင်
ရှေးဟောင်း အမွေအနှစ်တွေမထိခိုက်စေသည့် ပုံစံမျိုးနှင့် မြှင့်တင်ပေးသွားရန် စီစဉ်သွားမည်ဖြစ်ပါသည်။
လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ၏ နေဝင်ချိန်ကို ရွှေဆံတော်ဘုရား၊ ပြဿာဒ်ကြီးဘုရားနှင့်
ဧရာဝတီမြစ်အတွင်းမှ လှေများဖြင့် ကြည့်ရှုနိုင်ရန် ခွင့်ပြုပေးထားပြီး နေ့စဉ်လာရောက်
ကြည့်ရှုသူထောင်နှင့်ချီ၍ရှိပါသည်။ ပုဂံဒေသသို့ နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှုတွင် ၂၀၁၄ခုနှစ်အတွင်း
နှစ်သိန်းလေးသောင်းကျော်ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၅ခုနှစ် တွင် နှစ်သိန်းငါးသောင်းကျော်အထိ
ဝင်ရောက်နိုင်ကြောင်း သိရှိရပါသည်။
Subscribe to:
Posts (Atom)